2018 Myanmar Collegiate Programming Contest

ပြိုင်ပွဲ စည်းကမ်းချက်များ

ပြိုင်ပွဲဝင်များနှင့် အသင်းများ အရည်အချင်းသတ်မှတ်ချက်

  • ပြိုင်ပွဲဝင်(contestants) များသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်မည့် တက္ကသိုလ်၊ ကောလိပ်တွင် တတ်ရောက် သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ရပါမည်။
  • ပြိုင်ပွဲဝင်များသည် (၁၉၉၅)ခုနှစ်နှင့် နောက်ပိုင်းတွင် မွေးဖွားသူ ဖြစ်ရပါမည်။
  • ပြိုင်ပွဲတွင် အသင်းလိုက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသင်းတစ်သင်းလျှင် တက္ကသိုလ်၊ကောလိပ် တစ်ခုတည်းတွင် တတ်ရောက်နေသော ပြိုင်ပွဲဝင် (၃)ဦး ပါဝင်ရပါမည်။ အသင်းကို မိမိတို့နှစ်သက်ရာ အမည်ပေးနိုင်ပါသည်။
    (ဥပမာ UCSY-Digit, bYtEs, 1100011, etc)
  • ပြိုင်ပွဲဝင်တစ်သင်းလျှင် အသင်းကြီးကြပ်သူ(coach) အနေဖြင့် တက္ကသိုလ်၊ကောလိပ် သင်ကြားရေး ဝန်ထမ်းတစ်ဦး လိုက်ပါရန် လိုအပ်ပါသည်။ အသင်းတစ်သင်းထက်ပိုသော တက္ကသိုလ်၊ကောလိပ်များ အနေဖြင့် အနည်းဆုံး ကြီးကြပ်သူတစ်ဦး လိုက်ပါရပါမည်။


ပြိုင်ပွဲမတိုင်ခင်

  • ပြိုင်ပွဲကျင်းပရာခန်းမအတွင်းသို့ Electronic Devices (Calculator, Mobile Phone, USB stick, etc) များကို ယူဆောင်ခွင့် မပြုပါ။
  • အသင်းတစ်သင်းလျှင် မိမိတို့နှစ်သက်ရာ Dictionary စာအုပ်တစ်အုပ်နှင့် အသုံးပြုရန် Stationary (pen, pencil, ruler, etc) များကို ယူဆောင် ခွင့်ပြုပါသည်။ ယင်းတို့ကို ပထမရက် အစမ်း လေ့ကျင့်ချိန် တွင် ယူဆောင်လာခဲ့ ရမည်ဖြစ်ပြီး ပြိုင်ပွဲ ကျင်းပရာ ခန်းမအတွင်း ထားခဲ့ရမည် ဖြစ်ပါသည်။
  • အကြမ်းအသုံးပြုရန်အတွက် အသင်းတစ်သင်းကို A4 စာရွက် (၁၅) ရွက်ကို ပြိုင်ပွဲကျင်းပသည့်နေ့တွင် ထုတ်ပေးထားပါမည်။
  • ထို့ပြင် A4 (သို့) Legel စာမျက်နှာ (၂၅)မျက်နှာထိ Team Reference Document အဖြစ်ယူခွင့်ပြုပါသည်။ ယင်းစာမျက်နှာများပေါ်တွင် မိမိတို့ကိုယ်ပိုင်မှတ်စုများ၊ ပုံနှိပ်စာများ ယူလာနိုင်ပြီး အစမ်းလေ့ကျင့်ပြီးချိန်တွင် ခန်းမတွင်း ထားခဲ့ရပါမည်။
  • အသင်းအားလုံးသည် ၂၀၁၈ MCPC official page တွင် တရားဝင်ကြေညာထားသည့်အတိုင်း တူညီသော Hardware/Software တို့ဖြင့် ယှဉ်ပြိုင်ကြရမည်။ မည်သည့် အပို Hardware/Software မှ တပ်ဆင်အသုံးပြုခွင့် မပြုပါ။
  • ပြိုင်ပွဲဝင်အသင်းများသည် သတ်မှတ်ထားသော ဝတ်စုံကိုဝတ်ဆင်၍ ပြိုင်ပွဲဝင်ကြရပါမည်။ ယင်းဝတ်စုံများကို ပထမနေ့ ပြိုင်ပွဲဝင်အသင်းများ မှတ်ပုံတင် Registration ချိန်တွင် ထုတ်ပေးပါမည်။
  • ပြိုင်ပွဲဝင်များ၏ ကွန်မျူတာများ အလုပ်လုပ်ကြောင်း သေချာစေရန်အတွက်သာ Testing အဖြစ် အစမ်းပြိုင်ပွဲ ကိုကျင်းပမည်ဖြစ်ပြီး အချိန်အနည်းငယ်ခြားလျှက်ပြိုင်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပရာခန်းမအတွင်းသို့ Team member (၃) ဦးသာဝင်ခွင့်ပြုပါမည်။


ပြိုင်ပွဲကျင်းပစဉ်

  • ပြိုင်ပွဲတွင် အနည်းဆုံး Problem (၁၀)ပုဒ်ကို (၅) နာရီအတွင်း ဖြေရှင်းရမည်ဖြစ်သည်။
  • ပြိုင်ပွဲတစ်ခုလုံးကို PC2 Auto Judging System အသုံးပြု၍ ကျင်းပမည်ဖြစ်သည်။
  • Problem တစ်ခုဖြေရှင်းပြီးတိုင်း ယင်း Source file ကို ချက်ခြင်း စစ်ဆေးရန် Judge များထံသို့ ပေးပို့ ရမည်။ Judge ထံမှ မှန်/မမှန် အဖြေကို အချိန်အနည်းငယ်အတွင်း သိရှိနိုင်ပါသည်။ မှန်ကန်ပါက ရရှိထားသော အဆင့်သည် ချက်ခြင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
  • မမှန်ကန်သည့် အဖြေပေးပို့မှုအတွက် ပြစ်ဒါဏ်အဖြစ် ပေးပို့မှုတစ်ခုလျှင် မိနစ်(၂၀) ကို ယင်းပုစ္ဆာမှန်သည့် အချိန်တွင် ထည့်ပေါင်းခံရပါမည်။ Compilation Error အတွက် မည်သည့် ပြစ်ဒါဏ်မှမယူပါ။
  • ပြိုင်ပွဲဝင်နေစဉ် အသင်းတစ်သင်းနှင့် တစ်သင်း စကားပြောဆိုဆက်သွယ်ခြင်း လုံးဝမပြုလုပ်ရပါ။
  • ပြိုင်ပွဲကျင်းပချိန်အတွင်း Print ထုတ်လိုပါက အသင်းတစ်သင်းလျှင် အများဆုံး A4 ၁၅မျက်နှာအထိ ပြိုင်ပွဲခန်းမအတွင်းရှိ Student Volunteer များအကူအညီဖြင့် ထုတ်ယူခွင့်ပြုပါသည်။
  • ပြိုင်ပွဲကျင်းပချိန်ကို (၅)နာရီ သတ်မှတ် ထားသော်လည်း မမျှော်လင့်သော အခြေအနေများ ဖြစ်ပါက ယင်းပွဲကျင်းပချိန်ကို Judge များနှင့် ပွဲကျင်းပရေးအဖွဲ့တို့က ထပ်တိုးခွင့်ရှိပါသည်။ တိုးပေးသည့် အချိန်ကို ပြိုင်ပွဲဝင်အသင်းများအားလုံး တူညီစွာ ခံစားခွင့်ရှိသည်။
  • ပြိုင်ပွဲကျင်းပနေစဉ် တလျှောက်လုံး ပြိုင်ပွဲဝင်အသင်းများ ရရှိသည့် အဆင့်များကို အချိန်နှင့်တပြေးညီ ထင်သာမြင်သာရှိအောင် Board များဖြင့် ပြသပေးထားပါမည်။ထို့ပြင် ပြိုင်ပွဲ၏ တရားဝင် Page တွင်လည်း အချိန်နှင့် တပြေးညီ ရလဒ်များတင်ပေးထားပါမည်။
  • ACM-ICPC ပြိုင်ပွဲများ၏ သတ်မှတ်ချက်များအရ နောက် ဆုံး Result ကြေငြာချိန်တွင် စိတ်လှုပ်ရှားစေရန်အတွက်ပြိုင်ပွဲ၏ နောက်ဆုံးတစ် နာရီအတွင်း Result ပြသခြင်း ကို ရပ်လိုက်ပါမည်။ ယင်းတစ်နာရီစာ အချိန်ကို ဆုပေးပွဲ တွင် ပြန်လည် ပြသပေးပါမည်။


ပြိုင်ပွဲ၀င်အသင်းများကို အဆင့်သတ်မှတ်ခြင်း

  • အဆင့်သတ်မှတ်ရာတွင် မိမိအသင်းမှ ဖြေရှင်းနိုင်သော Problem အရေအတွက် အများအနည်းအလိုက် သတ် မှတ်ပါသည်။
  • ဖြေရှင်းနိုင်သော Problem အရေအတွက် တူနေပါက Problem ဖြေရှင်းရန် သုံးစွဲခဲ့သောအချိန်(ပွိုင့်) စုစု ပေါင်းဖြင့် အဆင့် သတ်မှတ်ပါမည်။
  • အထက်ပါ (၂)ချက်တွင် ရမှတ်တူညီနေပါက နောက်ဆုံး မှန် ကန်ခဲ့သော Problem ကို ဖြေရှင်းသည့် အချိန်ဖြင့် ဆုံးဖြတ်ပါမည်။
  • အကယ်၍ ထပ်တူနေသေးပါက ဒုတိယနောက်ဆုံး Problem ဖြေရှင်းသည့် အချိန်၊ တတိယနောက်ဆုံး Problem ဖြေရှင်းသည့် အချိန်၊ စတုတ္ထနောက်ဆုံး Problem ဖြေရှင်းသည့် အချိန် စသည်ဖြင့် အဆုံး အဖြတ်ပေးသွားမည် ဖြစ်ပါသည်။


အထွေထွေအကြောင်းအရာများ

  • ပြိုင်ပွဲနှင့်ပတ်သက်၍ အဆင်မပြေမှုနှင့် မကျေနပ်ချက် များရှိ ပါက ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် Judge ဒိုင်များထံ တွင် ပြိုင်ပွဲ ပြီးချိန်မှစ၍ မိနစ် (၃၀)အတွင်း တင်ပြနိုင် ပါသည်။
  • ပြိုင်ပွဲနှင့်ပတ်သက်သည့် အချက်အလက်များ၊ သတင်း များနှင့် မှတ်တမ်းတင်ဓာတ်ပုံများကို MCPC 2018 ၏ တရား၀င် Facebook Page တွင် ၀င်ရောက်ကြည့်ရှု နိုင်ပါသည်။
  • MCPC 2018 နှင့်ပတ်သက် ကိစ္စရပ်များအတွက် တရားဝင် အီးမေးလ် (icpc@ucsy.edu.mm) ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။